How to Play

မြန်မာ-poly ကစားနည်းလမ်းညွှန်

Master the art of real estate dominance. Read our guide to become the ultimate Monopoly King!

ဂိမ်း၏ စည်းမျဉ်းများ

ဂိမ်း၏ ရည်မှန်းချက်

နောက်ဆုံးအထိ ငွေကြေးအကြွယ်ဝဆုံး ကျန်ရှိနေသည့် ကစားသမားဖြစ်ရမည်။ အိမ်ခြံမြေများ ဝယ်ယူခြင်း၊ ဟိုတယ်များ ဆောက်လုပ်ခြင်းနှင့် အခွန်အခများ ကောက်ခံခြင်းဖြင့် အခြားကစားသမားများကို အရှုံးပေး (Bankrupt) ဖြစ်သွားအောင် လုပ်ဆောင်ပါ။

စတင်ကစားခြင်း

ကစားသမား တစ်ဦးလျှင် အစပြုငွေ $၁,၅၀၀ စီ ရရှိပါမည်။ အန်စာတုံး ခေါက်ပြီး ရရှိသည့် အမှတ်အတိုင်း အကွက်များရွှေ့ရပါမည်။ ပိုင်ရှင်မရှိသေးသော အကွက်သို့ ရောက်ရှိပါက သင်ဝယ်ယူနိုင်ပါသည်။

အိမ်နှင့်ဟိုတယ်များ ဆောက်လုပ်ခြင်း

အရောင်တူ အိမ်ခြံမြေ အစုအဝေးအားလုံးကို ပိုင်ဆိုင်သွားပါက (Monopoly ဖြစ်ပါက) အိမ်များစတင် စတင်ဆောက်လုပ်နိုင်ပါသည် အရောင်တူ ပိုင်ဆိုင်မှု့တိုင်းတွင် အနည်းဆုံး အိမ်တစ်လုံးစီရှိမှ ဟော်တယ်ဆောက်နိုင်မည်။ အိမ်/ဟိုတယ်များက သင့်အား အခွန်အခ အမြောက်အမြား ရရှိစေမည်ဖြစ်သည်။

အခွန်အခ ကောက်ခံခြင်း

သင့်အိမ်ခြံမြေများသို့ အခြားကစားသမားများ ရောက်ရှိလျှင် အခွန်အခများ ကောက်ခံပါ။ အိမ်နှင့်ဟိုတယ်များ ပိုမိုဆောက်လုပ်ထားလေ အခွန်ရရှိမည့်ငွေပမာဏ ပိုမိုများလေဖြစ်သည်။

ကံစမ်းမဲနှင့် အထူးကတ်များ

Chance သို့မဟုတ် Community Chest အကွက်သို့ ရောက်ပါက ကတ်များကို နှိုက်ရပါမည်။ ၎င်းကတ်များက သင့်ကို ငွေကြေးလက်ဆောင်ပေးခြင်း၊ နေရာရွှေ့ပေးခြင်း သို့မဟုတ် အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းများ ပြုလုပ်နိုင်ပါသည်။

အကျဉ်းထောင်သို့ ရောက်ရှိခြင်း

'Go to Jail' အကွက်သို့ ရောက်ရှိပါက အကျဉ်းထောင်သို့ တိုက်ရိုက်သွားရပါမည်။ ထောင်မှ ပြန်လည်လွတ်မြောက်ရန် 'Get Out of Jail Free' ကတ်ကို သင့်မှာရှိလျင်သုံး၍ အချုပ်ခန်:သို.မရောက်ရန် အသုံးပြုနိုင်ပါသည်။ ထို get out of jail card ရှိသူ/ပိုင်ဆိုင်သူ သည်အခြားသူသို.ရောင်းချနိုင်သည်၊ ဝယ်ယူနိုင်ပါသည်

အရောင်းအဝယ်ပြုလုပ်ခြင်း (Trading)

အခြားကစားသမားများနှင့် အိမ်ခြံမြေ၊ ငွေကြေး၊ အကျဉ်းထောင်မှ လွတ်ကတ်များ လဲလှယ်နိုင်ပါသည်။ သင်ပိုင်ဆိုင်သည့် အကွက်များကို အခြားသူများသို့ ရောင်းချ၍ အမြတ်ရယူနိုင်ပါသည်။ ကိုယ်တိုင်ဈေးအသင့်တန်ဆုံးကို သတ်မှတ်ပြီး အရောင်းအဝယ်ပြုလုပ်ပါ။

လေလံရောင်းချခြင်း (Auction)

အိမ်ခြံမြေအကွက်သို့ ရောက်လျှင်ဝယ်ယူလိုခြင်းမရှိပါက လေလံရောင်းချခြင်း ကိုဘဏ်မှပြုလုပ်လိမ့်မည်ဖြစ်သည်။ လေလံစတင်ဈေးကို ဘဏ်မှတ်သတ်မှတ်ပြီး မှစတင်ပြီး ကစားသမားများသည် တိုးမြှင့်ဈေးပေးနိုင်ပါသည်။ စက္ကန့် 30အတွင်း အမြင့်ဆုံးဈေးပေးသူသည် အိမ်ခြံမြေပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။

အိမ်ရာ/ဟိုတယ်ဆောက်လုပ်မှု စည်းမျဉ်းများ

Monopoly ရရှိမှသာ အိမ်ရာ/ဟိုတယ်ဆောက်လုပ်နိုင်သည်။ အိမ်ရာများကို အရောင်တူ အိမ်ခြံမြေအားလုံးတွင် တူညီစွာ ဆောက်လုပ်ရမည် (Even Build Rule)။ ဥပမာ - အနီရောင် ၃ ခုရှိလျှင် အိမ်ရာ ၁ လုံး တိုးတိုးဆောက်ရမည်။ အိမ်ရာ ၄ လုံးပြည့်မှသာ ဟိုတယ်ဆောက်လုပ်နိုင်သည်။

အရှုံးပေးခြင်း (Bankruptcy)

ငွေပေးချေနိုင်စွမ်း လုံးဝမရှိလျှင် ပေးရန် အကြွေး (အနူတ်) ပြပြီး ပိုင်ဆိုင်သမျှ အိမ်ခြံမြေ၊ ဟိုတယ်များကို ဘဏ်သို့ ရောင်းချ၍ ငွေရှာနိုင်သည် နောက်ဆုံးရောင်ချ စရာမရှိပါက အရှုံး(bankrupt)ဖြစ်ပါသည်။

ကစားနည်း အဆင့်ဆင့်

1

အခန်းဝင်ရောက်ခြင်း နှင့် ဂိမ်းစတင်ခြင်း

Lobby မှတစ်ဆင့် ရွေးချယ်စရာ အခန်းများ (Rooms) ထဲမှ တစ်ခုကို ဝင်ရောက်ပါ။ ဝင်ရောက်ပြီးပါက မိမိနှစ်သက်ရာ အရောင် (Color) ကို ရွေးချယ်နိုင်ပါသည်။ ကစားသမားများ စုံလင်ပါက Room Owner ဘက်မှ ဂိမ်းကို စတင်နိုင်ပါသည်။ အလှည့်ကျ ကစားသမား (Active Player) ကို Server မှ အလိုအလျောက် သတ်မှတ်ပေးပြီး အလှည့်စတင်ပါမည်။

2

အန်စာတုံးခေါက်ခြင်း (Roll Dice)

မိမိအလှည့်ရောက်သောအခါ အန်စာတုံးခေါက် (Roll Dice) ရမည်။ ဂိမ်းသည် Server မှ တွက်ချက်ထားသော အမှတ်အတိုင်း ဘုတ်ပေါ်တွင် အလိုအလျောက် ရွှေ့ပေးပါမည်။ ရောက်ရှိသွားသော နေရာအလိုက် လုပ်ဆောင်ချက် (Action) များ ပေါ်လာမည်ဖြစ်သည်။

3

မြေကွက်ဝယ်ယူခြင်း (သို့) လေလံပစ်ခြင်း (Auction)

ပိုင်ရှင်မရှိသေးသော မြေကွက်၊ ဘူတာ သို့မဟုတ် ရေ/မီး အကွက်သို့ ရောက်ပါက သတ်မှတ်ထားသော ဈေးဖြင့် ဝယ်ယူနိုင်ပါသည်။ အကယ်၍ မိမိက မဝယ်လိုပါက ငြင်းပယ် (Decline) နိုင်ပြီး၊ ငြင်းပယ်လိုက်ပါက ဘဏ်မှ ၅၀% ဈေးဖြင့်စတင်၍ ကစားသမားအားလုံး ပါဝင်နိုင်သော စက္ကန့် ၃၀ လေလံ (Auction) ကို အလိုအလျောက် စတင်ပေးမည်ဖြစ်သည်။

4

အခွန်ပေးဆောင်ခြင်း (Rent Payment)

အခြားကစားသမား ပိုင်ဆိုင်သော အကွက်သို့ ရောက်ရှိပါက ကျသင့်သော အခွန်အခ (Rent) ကို အလိုအလျောက် ဖြတ်တောက်မည်ဖြစ်သည်။ မိမိတွင် ငွေမလောက်ပါက မိမိပိုင်ဆိုင်ထားသော မြေကွက်များကို မဖြစ်မနေ ရောင်းချရန် (Force Sell) တောင်းဆိုမည်ဖြစ်သည်။ မြေကွက်များရောင်းချပြီး၍မှ အကြွေးမကျေပါက အရှုံး (Bankrupt) အဖြစ် ကြေညာခံရမည်ဖြစ်သည်။ ထိုကြောင့် Force Sell မဖြစ်ခင်မှာ အခြား players များနှင့် ဗျူဟာကျကျ Trade လုပ် ပါက ဘဏ်မှ ပေးသော ၅၀% ထက်ပိုရနိုင်သည်

5

အိမ်နှင့် ဟိုတယ်များ တည်ဆောက်ခြင်း

အရောင်တူ မြေကွက်အားလုံးကို မိမိတစ်ဦးတည်း ပိုင်ဆိုင်ပါက (Monopoly ရပါက) အိမ်များကို စတင်တည်ဆောက်နိုင်ပါသည်။ တစ်ကွက်လျှင် အိမ် ၄ လုံးအထိ ဆောက်လုပ်နိုင်ပြီး၊ ၄ လုံးပြည့်ပါက ဟိုတယ် (Hotel) ကို ဆက်လက်တည်ဆောက်နိုင်သည်။ ဟိုတယ်ဆောက်လုပ်ရန် ကုန်ကျစရိတ်မှာ မူရင်းမြေတန်ဖိုး၏ ၅၀% ဖြစ်ပါသည်။

6

ကံစမ်းမဲ နှင့် အဖွဲ့အစည်း ကတ်များ (Chance & Community Chest)

Chance နှင့် Chest အကွက်များသို့ ရောက်ပါက ကတ်တစ်ကတ် နှိုက်ရမည်ဖြစ်သည်။ ကတ်ပေါ်မူတည်၍ အခွန်ဆောင်ရခြင်း၊ ငွေရခြင်း သို့မဟုတ် နောက်ပြန်ဆုတ်ရခြင်းများ ရှိနိုင်ပါသည်။ 'ထောင်မှ လွတ်နိုင်သောကတ် (Jail Card)' ရရှိပါက အခြားကစားသမားများကို ပြန်လည်ရောင်းချနိုင်ပါသည်။

7

အရောင်းအဝယ်နှင့် လဲလှယ်ခြင်း (Trade)

ဂိမ်းကစားနေစဉ်အတွင်း အခြားကစားသမားများနှင့် မိမိပိုင် မြေကွက်များ၊ ငွေကြေးများကို လဲလှယ်ရန် (Trade) ကမ်းလှမ်းနိုင်ပါသည်။ အကျဉ်းထောင်မှ လွတ်ကတ် (Jail Card) ကိုလည်း ဈေးပြော၍ အရောင်းအဝယ် လုပ်နိုင်ပါသည်။

8

မိမိအလှည့်ကို အဆုံးသတ်ခြင်း (End Turn)

အန်စာတုံးခေါက်ခြင်း၊ မြေဝယ်ခြင်း၊ အိမ်ဆောက်ခြင်း စသည့် လုပ်ဆောင်ချက်များအားလုံး လုပ်ဆောင်ပြီးစီးပါက 'End Turn' ခလုတ်ကို နှိပ်၍ နောက်တစ်ဦးကို အလှည့်ပေးရမည်။ Server မှ နောက်ကစားသမား၏ အလှည့်ကို အလိုအလျောက် စတင်ပေးမည်ဖြစ်သည်။

9

အနိုင်ရရှိခြင်း (Winning the Game)

အခြားကစားသမားများအားလုံး ငွေကြေးပြတ်လပ်၍ Bankrupt ဖြစ်သွားချိန်တွင် နောက်ဆုံး ကျန်ရစ်သူ (Last-standing) သည် အနိုင်ရရှိမည်ဖြစ်သည်။ အနိုင်အရှုံး မှတ်တမ်းကို Rankings တွင် သိမ်းဆည်းပေးမည်ဖြစ်သည်။

ဂိမ်းခုံ အကျဉ်းချုပ်

ပိုင်ဆိုင်မှုများ

  • သာမန်အကွက်များတည်ဆောက်ထားသော အိမ်/ဟိုတယ်ပေါ် မူတည်၍ အခွန်ရရှိမည်။
  • မီးရထားလမ်းများဘူတာအရေအတွက် ပိုင်ဆိုင်မှုများလေ အခွန်နှုန်း ထပ်ဆတိုးလေဖြစ်သည်။
  • အခြေခံဝန်ဆောင်မှုများအန်စာတုံးအမှတ် နှင့် ပိုင်ဆိုင်မှုအချိုးကျ အခွန်တွက်ချက်မည်။

အထူးနေရာများ

  • GOဖြတ်ကျော်တိုင်း $၂၀၀ ရရှိမည်။
  • ?Chance - ကံစမ်းမဲကတ် တစ်ရွက်နှိုက်မည်။
  • 📦Chest - အဖွဲ့အစည်းကတ် တစ်ရွက်နှိုက်မည်။
  • JAILJail - အချူပ်ခန်းမှထွက်ခွင့်ကတ်အား အသုံးပြု၍ထွက်ခြင်း။

အနိုင်/အရှုံး စည်းမျဉ်းများ

1

အင်တာနက်ပြတ်တောက်ခြင်း (Disconnection)

အခြားကစားသမားများ အင်တာနက်ပြတ်တောက်သွားပါက တစ်ဦးတည်းကျန်ရစ်သူသည် အနိုင်ရမည်ဖြစ်သည်။ အင်တာနက်ပြတ်တောက်သွားသော ကစားသမားသည် ပြန်လည်ချိတ်ဆက်လိုက်ပါက ဂိမ်းကို ရပ်နားခဲ့သောနေရာမှ ဆက်လက်ကစားနိုင်မည်ဖြစ်သည်။

2

ဒေဝါလီခံရခြင်း (Bankruptcy)

ကစားသမားတစ်ဦးသည် မိမိပိုင်ဆိုင်မှုများအားလုံး ကုန်ဆုံးသွားပါက အလိုအလျောက် အရှုံးပေါ်မည်ဖြစ်သည်။ ၎င်းကို အသိပေးသည့် Message ပြသမည်ဖြစ်ပြီး ထိုကစားသမားသည် အန်စာတုံး ဆက်လက်ခေါက်ခွင့်မရှိတော့ပါ။ သို့သော် အခန်းတွင်းမှ ထွက်ခွာခြင်း မပြုလုပ်ဘဲ ဂိမ်းကို ဆက်လက်ကြည့်ရှုနိုင်ပါသည်။

3

လက်နက်ချအရှုံးပေးခြင်း (Surrender)

ကစားသမားတစ်ဦးသည် ပိုင်ဆိုင်မှုများ ရှိနေသေးသော်လည်း လက်နက်ချ (Surrender) ကို နှိပ်ပါက ပိုင်ဆိုင်မှုများအားလုံး ဘဏ်သို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပြီး အခြားကစားသမားများမှ ဝယ်ယူနိုင်မည်ဖြစ်သည်။ အထက်ပါအတိုင်း ဂိမ်းဆက်ကစားခွင့်မရှိတော့ဘဲ ပွဲကိုဆက်လက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

4

ဂိမ်းမှထွက်ခွာခြင်း (Quit / Leave)

ကစားသမားတစ်ဦးသည် ဂိမ်းမပြီးဆုံးခင် 'Leave' ကို နှိပ်၍ ထွက်ခွာပါက ၎င်း၏ ပိုင်ဆိုင်မှုအကုန်လုံး ဘဏ်သို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။ မထွက်ခွာမီ အတည်ပြုစကားဝှက် (Confirmation) တောင်းခံမည်ဖြစ်သည်။

ဂိမ်း၏ စီးပွားရေးနှင့် အခန်းစည်းမျဉ်းများ

🪙

ပွဲကစားခ

၁ပွဲ ကစားတိုင်း Start Game ကိုနှိပ်လိုက်တာနဲ့ Coins 50 ပွဲကစားခ နူတ်သွားပါမည်။

🏆

အနိုင်ရရှိသူ ဆုကြေး

၁ပွဲ နိုင်တိုင်း 'ပါဝင်သူဦးရေ x Coins 50' (ဥပမာ - ၅ ယောက်ကစားလျှင် 5x50 = 250 Coins) ရရှိပါမည်။

🎁

နေ့စဉ်လက်ဆောင်

တစ်ရက်တစ်ခါ Lobby အတွင်းသို့ ဝင်ရောက်တိုင်း Coins 50 လက်ဆောင် ရရှိပါမည်။

⚙️အခန်းစည်းမျဉ်းများ ပြင်ဆင်ခြင်း (Custom Rules)

Start Game ကိုနှိပ်လိုက်တာနဲ့ အောက်က rule တွေကို အခန်းဖန်တီးသူ (Room Creator) မှ ပြင်ဆင်နိုင်မည်ဖြစ်ပြီး ပြင်ဆင်မှုအပေါ်မူတည်၍ ဆုကြေးများလည်း ပြောင်းလဲသွားနိုင်ပါသည်။

RULES (စည်းမျဉ်းများ)DEFAULT (ပုံသေ)CUSTOM (စိတ်ကြိုက်)
အချိန်သတ်မှတ်ချက် (Timer)ဂိမ်းကြာချိန်Unlimited (နောက်ဆုံးကျန်သူအထိ)15, 20, 40, 60 မိနစ် (ရွေးချယ်ရန်)
အစပြုငွေ (Starting Money)လက်ဝယ်ရှိငွေ$၁,၅၀၀စိတ်ကြိုက် (Custom)
ပွဲကစားခ (Coins Cost)ဂိမ်းဝင်ကြေး၅၀ Coinsစိတ်ကြိုက် (Custom)
ဆုကြေးငွေ (Win Price)အနိုင်ရသူရရှိမည့် Coinsပါဝင်သူဦးရေ x ၅၀ပါဝင်သူဦးရေ x သတ်မှတ်ထားသော ပွဲကစားခ

သူငယ်ချင်းစနစ် လမ်းညွှန်

သူငယ်ချင်း ထည့်သွင်းခြင်းနှင့် လက်ခံခြင်း

Lobby ရှိ Friends Panel မှတစ်ဆင့် သူငယ်ချင်းများကို ရှာဖွေ၊ ထည့်သွင်း၊ လက်ခံနိုင်ပါသည်။

1

Friends Panel ဖွင့်ပါ

Lobby စာမျက်နှာ၏ ညာဘက်အောက်ခြေရှိ 👥 Friends ခလုတ်ကို နှိပ်၍ Friends Panel ကိုဖွင့်ပါ။

2

သူငယ်ချင်းရှာဖွေပါ

Panel ၏ Search bar တွင် သူငယ်ချင်း၏ username ကို ရိုက်ထည့်ပြီး ရှာဖွေပါ။ ရှာဖွေမှုရလဒ်များတွင် ထိုသူကို တွေ့ရပါမည်။

3

Friend Request ပို့ပါ

ရှာဖွေတွေ့ရှိသော user ၏ ဘေးရှိ "Add Friend" ခလုတ်ကို နှိပ်၍ Friend Request ပေးပို့ပါ။ တစ်ဖက်လူထံ notification ရောက်ရှိသွားမည်ဖြစ်သည်။

4

Friend Request လက်ခံပါ

တစ်ဖက်မှ request ပို့ထားပါက Friends Panel ၏ "Pending" tab တွင် ပြပါမည်။ "Accept" ခလုတ်ကို နှိပ်၍ လက်ခံပါ။ ယခုမှစ၍ Chat စကားပြော၊ Gift ပို့၊ Game ထဲ Invite လုပ်နိုင်ပါပြီ။

Coins / Gems လက်ဆောင်ပေးပို့ခြင်း (Gift Sharing)

သူငယ်ချင်းဖြစ်ပြီးသား players အချင်းချင်း Coins နှင့် Gems များကို လက်ဆောင်အဖြစ် မျှဝေပေးပို့နိုင်ပါသည်။

1

Friends Panel ဖွင့်ပါ

Lobby ရှိ 👥 Friends ခလုတ်ကို နှိပ်၍ Friends Panel ကိုဖွင့်ပါ။

2

သူငယ်ချင်း၏ Chat ကိုဖွင့်ပါ

Friend list ထဲမှ gift ပို့လိုသော သူငယ်ချင်းကို နှိပ်ပါ။ Chat window ပွင့်လာပါမည်။

3

🎁 Gift ခလုတ်ကို နှိပ်ပါ

Chat window ၏ အောက်ခြေရှိ 🎁 (Gift) icon ခလုတ်ကို နှိပ်ပါ။ Gift dialog ပွင့်လာမည်ဖြစ်သည်။

4

Coins သို့မဟုတ် Gems ရွေးချယ်ပါ

Gift dialog တွင် "Coins" သို့မဟုတ် "Gems" ကိုရွေးပြီး ပို့လိုသော ပမာဏကို ထည့်သွင်းပါ။ မက်ဆေ့ခ်ျတစ်ခုလည်း ပူးတွဲပေးပို့နိုင်ပါသည်။

5

Gift ပို့ပါ

"Send Gift" ကို နှိပ်ပါ။ သင့်တွင်လက်ကျန် balance မှ ပမာဏကို နှုတ်ယူပြီး သူငယ်ချင်းထံ ချက်ချင်းရောက်ရှိသွားပါမည်။ တစ်ဖက်လူထံ notification နှင့် chat message ပေါ်မည်ဖြစ်သည်။

သတိပြုရန်

  • • သူငယ်ချင်းဖြစ်ပြီးသား (Friend accepted) ဖြစ်မှသာ Gift ပို့နိုင်ပါသည်။
  • • သင့်တွင်လက်ကျန် balance လုံလောက်မှသာ Gift ပို့နိုင်မည်ဖြစ်သည်။
  • • Gift ပို့ပြီးပါက ပြန်လည်ရုပ်သိမ်း၍ မရနိုင်ပါ။
  • • Gift ရရှိသူထံ notification အလိုအလျောက် ရောက်ရှိပါမည်။

Game Room သို့ သူငယ်ချင်းကို ဖိတ်ကြားခြင်း

သင်ဝင်ရောက်ထားသော Game Room သို့ သူငယ်ချင်းကို တိုက်ရိုက် ဖိတ်ကြားနိုင်ပါသည်။

1️⃣

Room ထဲဝင်ပါ

Lobby မှ Room တစ်ခုကို ဖန်တီး သို့မဟုတ် ဝင်ရောက်ပါ။

2️⃣

Friends Panel ဖွင့်ပါ

👥 ခလုတ်ကိုနှိပ်ပြီး Online ဖြစ်နေသော သူငယ်ချင်းကို ရွေးပါ။

3️⃣

"Invite" နှိပ်ပါ

သူငယ်ချင်း၏ chat window ရှိ "Invite to Room" ခလုတ်ကို နှိပ်ပါ။ သူငယ်ချင်းထံ invite ရောက်သွားပါမည်။

💡 Pro Tips Tactics

1

အရောင်တူ အိမ်ခြံမြေများကို အမြန်ဆုံး စုဆောင်းနိုင်အောင် ကြိုးစားပါ (Monopoly ရရှိရန်)

2

လိမ္မော်ရောင်နှင့် အနီရောင် အကွက်များသည် ကစားသမားများ အရောက်အများဆုံးဖြစ်သဖြင့် အိမ်နှင့်ဟိုတယ်များ အမြန်ဆောက်ပါ

3

'Get Out of Jail Free' ကတ်များကို အရေးကြီးသည့် အခြေအနေမျိုးအတွက် သိမ်းထားပါ ၊ ပိုက်ဆံလိုအပ်ပါက အခြားသူအား ရောင်းရန်ကမ်းလှမ်းလိုက်သည်

4

မိမိလိုအပ်သော အကွက်ရရှိရန် အခြားကစားသမားများနှင့် ဗျူဟာမြောက် အရောင်းအဝယ်ပြုလုပ်ပါ

5

ငွေအားလုံးကို အိမ်ခြံမြေဝယ်ရာတွင် မသုံးလိုက်ပါနှင့်၊ အခြားသူများကို အခွန်ပေးရန် ငွေအချို့ အမြဲချန်ထားပါ

6

လေလံရောင်းချခြင်းတွင် အရာဝတ္ထုများကို အသင့်တန်ဈေးဖြင့် ဝယ်ယူခြင်းဖြင့် ပိုမိုမြန်မြန် Monopoly ရနိုင်သည်

7

အိမ်ရာဆောက်လုပ်ရာတွင် Even Build Rule ကိုလိုက်နာပါ - အိမ်ရာများကို တူညီစွာ တိုးတိုးဆောက်ပါ

8

အကျဉ်းထောင်သို့ မကြာခဏ မရောက်အောင် သတိထားပါ - ထောင်မှထွက်ရန် အချိန်ကုန်လူသေဖြစ်သည်

9

မီးရထားလမ်းများကို ပိုမိုပိုင်ဆိုင်လေ အခွန်ရရှိမည့်ငွေ ပိုမိုများလေဖြစ်သည် (အများဆုံး ၄ ဆချိတ်)

10

အခြေခံဝန်ဆောင်မှုများ (ရေ/လျှပ်စစ်) ၂ ခုပိုင်ဆိုင်ပါက ၁၀ ဆချိတ် အခွန်ရရှိမည်

Ready to Conquer?

Log in now and test out your new real estate strategies. Build an empire and bankrupt the rest!