Khaing Kyaw Min

Khaing Kyaw Min

Developer & Creator

Our Story

ကျွန်တော်ငယ်ငယ်က မိုနိုပိုလီကို စက္ကူကတ်လေးတွေနဲ့ သူငယ်ချင်းတွေအဖွဲ့လိုက် ပျော်ပျော်ပါးပါး ကစားခဲ့ရတာကို အရမ်းမြတ်နိုးခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တွေကြာလာပြီး ခေတ်ကာလတွေ ပြောင်းလဲလာတဲ့အခါ အဲဒီလို ပျော်ရွှင်မှုမျိုးတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ အခုခေတ်ကလေးတွေဆိုရင် စက္ကူနဲ့ဆော့တဲ့ မိုနိုပိုလီအကြောင်းကိုတောင် မသိကြတော့ပါဘူး။

ဒါကြောင့် ကျွန်တော်လိုပဲ မိုနိုပိုလီကို ချစ်မြတ်နိုးသူတွေ ပြန်ဆော့လို့ရအောင်၊ အခုခေတ် လူငယ်တွေလည်း အိမ်ကနေပဲ သူငယ်ချင်းတွေနဲ့ အလွယ်တကူ ချိတ်ဆက်ဆော့နိုင်အောင် ဒီ myanmarpoly.online ကို ဖန်တီးခဲ့တာပါ။

သူငယ်ချင်းတွေ ဘေးချင်းကပ်ထိုင်ပြီး ဆော့နေရသလို ခံစားချက်မျိုးရအောင် Live Voice Chat နဲ့ Text Chat Feature တွေကိုပါ အထူးထည့်သွင်းပေးထားပါတယ်။

Made with passion for Myanmar gamers